Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • ၂၀ကျော်လေးနဲ့ပါးရည်တွေတွန့်နေပြီလား
  • ၂၀ကျော်လေးနဲ့ပါးရည်တွေတွန့်နေပြီလား

    September 10, 2024 by
    Hsu Pyae Sone

    ၂၀ ကျော်လေးနဲ့ ပါးရည်တွေ တွန့်နေပြီလား?


    ကျွန်မတို့ မိန်းကလေးတွေ ဘဝမှာလေ မျက်နှာမှာ အရေးအကြောင်းပေါ်မှာကို အလန့်ဆုံးပဲ ဖြစ်ပါတယ်။ခုခေတ် တကိုယ်ရည် smart ကျမှု ကို အလေးထားတဲ့ အမျိုးသားတွေလည်း တူတူပဲ ဖြစ်မှာပါ။မျက်လုံးဘေး က ကျီးခြေထောက်လိုအရေးအကြောင်းတွေ၊နှာခေါင်းဘေး က smile line တွေ၊နဖူးမှာ တွန့်နေတဲ့ အရာတွေ က မှန်ကြည့်လို့ ပေါ်လာရင် စိတ်ဆင်းရဲမဆုံးဖြစ်နေရတဲ့အရာတွေပါပဲ။

    ဒီလို အရေးအကြောင်းတွေက ပုံမှန်ဆိုရင် အသက် ၃၀ ကျော်တာနဲ့ ရေးရေးလေး စဖြစ်တတ်ပါတယ်။အသက် ၃၀ ဆိုတဲ့အရွယ်ဟာ လူပျိုဖော်၊အပျိုဖော်ဝင်စအချိန်ကို အတော်လေးကျော်လွန်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အရေပြား ကျုံ့နိုင်ဆန့်နိုင်အားတွေ၊collagen ဓာတ်တွေ စ ကျတဲ့အရွယ်ပဲဖြစ်ပါတယ်။ဒါပေမယ့် တချို့လူတွေဟာ အသက် ၃၀ မတိုင်ခင် ၂၀ကျော်ရုံလေးနဲ့တင် အရေးအကြောင်းတွေ စ ပေါ်နေကြပြီ။အသက်ကြီးရင် ပေါ်လာမယ်ဆိုတာ သိပေမယ့် စောစောစီးစီးပေါ်လာရင်တော့ မကြိုက်ကြဘူးပေါ့။

    ဘာဖြစ်လို့ ပေါ်လာရသလဲ ဆိုတော့ တချို့ကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်တတ်ပါတယ်။ဒါပေမယ့် ပုံမှန်အများစုကတော့ စိတ်ဖိစီးမှု အလွန်အကျွံခံစားရတဲ့အခါ အသားအရည်ရဲ့တောက်ပကြည်လင်ခြင်းလည်းမရှိတော့ဘဲ မွဲခြောက်ပြီး အရေးအကြောင်းသေးသေးလေးတွေ စပေါ်လာတတ်ပါတယ်။ဒါ့အပြင် အိပ်ချိန်မမှန်တာ၊လုံလောက်တဲ့အိပ်စက်မှု မရှိတာတွေကလည်း တနေ့တာရဲ့စွမ်းအင်တွေကို ညဖက်မှာ အားပြန်ဖြည့်ပေးမယ့် အရေပြားရဲ့အစီအစဉ်ကို နှောင့်ယှက်သလို ဖြစ်နေပြန်ပါတယ်။

    ကမ္ဘာကြီးမှာ အိုဇုန်းလွှာပေါက်မှုကြောင့် တနေ့တခြားပိူပူလာကြတာကို သတိထားမိကြမှာပါ။ပူလွန်းတဲ့နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်တွေအများကြီးလည်း ပါတာမို့ လူတိုင်းရဲ့ အသားအရည်ကို ၄/၅ ဆ ပိုပျက်စီးစေတတ်ပါတယ်။ဒီအန္တရာယ်ကို တဖက်တလမ်းကကာကွယ်ဖို့ SPF လုံလောက်စွာ ပါတဲ့ sunscreen တွေကို မျက်နှာရော ခန္ဓာကိုယ်ရော အချိန်နဲ့တပြေးညီ လိမ်းပေးဖို့လိုအပ်ပါတယ်။နေလောင်ကာခရင် မသုံးထားတဲ့ မျက်နှာတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အရေးကြောင်းဖြစ်မှုတွေ၊အမဲစက်တွေကို ပိုဖိတ်ခေါ်နေသလိုပါပဲ။

    အပြင်မသွားထားလို့၊မိတ်ကပ်မလိမ်းထားလို့ မျက်နှာမှာ ဖုံတွေ၊အညစ်အကြေးတွေမရှိဘူးမထင်ပါနဲ့။ဒါတွေကို double cleansing သေချာလုပ်မှသာလျှင် အရေပြားရဲ့ ညစ်နွမ်းမှုနှုန်းကို တားဆီးနိုင်မှာပဲဖြစ်ပါတယ်။အရေပြားရဲ့တင်းရင်းမှုကို လျော့ကျစေနိုင်တဲ့ နောက်အချက်ကတော့ မျက်နှာကို အစိုဓာတ်သေချာမဖြည့်ခြင်းနဲ့ မိတ်ကပ်တို့၊skin care တို့ လိမ်းတဲ့နေရာမှာ မျက်နှာအရေပြားကို အတင်းပွတ်ဆွဲမိနေတာမျိုးဖြစ်ပါတယ်။ဒါတွေကို သေချာရှောင်ရှားနိုင်မယ်ဆိုရင်တော့ အသက်ငယ်ငယ်နဲ့ ပါးရည်တွန့်ခြင်းတွေကို တာ့တာပြနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။

    ဒါ့အပြင် အလှအပအတွက် skincare productများကိုဝယ်ယူလိုပါကMy-Medicineရဲ့ ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို အလှအပရေးရာနဲ့ပတ်သက်ပြီးကျွမ်းကျင်ဆရာဝန်ကြီးများနှင့်တိုင်ပင်ဆွေးနွေးလိုပါကလဲ https://mymedicine.com.mm/r/beauty&aesကိုနှိပ်၍မေးမြန်းဆွေးနွေးလို့ရပါတယ်နော်။


    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    အသားရည်မပျက်စီးဘဲ ခရီးသွားနည်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce