Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • နွေပူပူမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ
  • နွေပူပူမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ

    May 12, 2025 by
    Hsu Pyae Sone

    နွေရာသီရောက်လာတာနဲ့ ပူအိုက်ပြီး ချွေးတဒီးဒီးကျလာတာကို မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရပါတယ်။နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ပြင်းထန်တဲ့နေရဲ့အရှိန်ကြောင့် ခရမ်းလွန်ရောင်ခြည်တွေလည်း အတိုင်းအဆမရှိ ထွက်ပေါ်နေပြီး အသားအရည်ပျက်စီးအောင် အဆတစ်ရာလောက် လုပ်နေသလိုပါပဲ။ဒါဆိုရင် အရေပြားမပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ။

    နေရောင်ကာကွယ်ဖို့အရေးကြီးပါတယ်။နေပူထဲထွက်မယ်ဆိုတိုင်း နေလောင်ကာခရင်မ်ကို မျက်နှာ၊ လည်ပင်း၊ လက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးကို သေချာလိမ်းပေးပါ။ချွေးထွက်များတဲ့သူတွေ၊အားကစားလုပ်သူ၊ရေကူးသူတွေအနေနဲ့လည်း water proof နေလောင်ကာခရင်မ်ကို သေချာလိမ်းထားသင့်ပါတယ်။နေပူထဲသွားရမယ်ဆိုရင် ချည်သား၊အင်္ကျီလက်ရှည်၊ ထီးနဲ့ ဦးထုပ်တွေကို မဖြစ်မနေဆောင်းသွားပြီးနေရောင်ကို တိုက်ရိုက်ကာကွယ်ပါ။

    ချွေးထွက်များတဲ့ကာလမှာ ရေဓာတ်ဖြည့်ဖို့လည်း မမေ့သင့်ပါဘူး။ရေဓာတ်ခမ်းခြောက်တာများတာမို့ တစ်နေ့ကို ရေ ၂.၅-၃ လီတာအထက်သောက်ပေးပါ။ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရရင် ဓာတ်ဆားပါတဲ့အရည်များကို ရွေးချယ်သောက်သုံးပေးပါ။အရက်နဲ့ ကဖင်းကို တတ်နိုင်သလောက်ရှောင်ပြီး အစိုဓာတ်ပြည့်ဝစေမယ့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို စားပေးပါ။

    တကိုယ်ရည်သန့်ရှင်းရေးကိုလည်း အထူးဂုစိုက်ဖို့ လိုအပ်ပါတယ်။ပူအိုက်တဲ့ရာသီမှာ ချွေးထွက်ရာကတဆင့်ပိုးမွှားတွေပေါက်ပြီး အရေပြားရောဂါပိုဆိုးတတ်ပါတယ်။နေ့စဉ် ချွေးနှင့် အဆီပိုများကို ဖယ်ရှားနိုင်ဖို့ ရေပုံမှန်ချိုးပါ။မျက်နှာသစ်ဆေးဖြင့် မနက်တကြိမ်ညတကြိမ်သန့်ရှင်ရေးလုပ်ပါ။မိတ်ကပ်များကို ခပ်ပါးပါးသာ လိမ်းပါ။လိမ်းပြီးရင်လည်း မျက်နှာကိုသေချာသန့်ရှင်းရေးပြန်လုပ်ဖို့ မမေ့ပါနဲ့။

    မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ခရမ်းလွန်ရောင်ခြည်များပြားတဲ့အချိန်မို့နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။နေလောင်ပါက ရေခဲဝတ်ကပ်ခြင်းနဲ့ Aloe Vera Gel လိမ်းခြင်းတို့ ပြုလုပ်ပြီး နေလောင်သက်သာအောင်လုပ်လို့ရပါတယ်။ပိုဆိုးလာတဲ့နေလောင်ပြဿနာတွေရှိရင်တော့ အလှအပရေးရာဆရာဝန်နှင့် တိုင်ပင်ပါ။နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေ မထိခိုက်ရအောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြပြီးပြီ ဆိုတော့ သေချာလေးဂရုစိုက်ဖို့ မမေ့ကြနဲ့နော်။


    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    ထိမိရုံနဲ့တင်နာတဲ့ဝက်ခြံတွေကိုသက်သာစေဖို့
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce