Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • စိုထိုင်းစများတဲ့ရာသီမှာ အသားရေထိန်းသိမ်းနည်း
  • စိုထိုင်းစများတဲ့ရာသီမှာ အသားရေထိန်းသိမ်းနည်း

    July 29, 2025 by
    Hsu Pyae Sone

    ယခုလို စိုထိုင်းစများတဲ့ မိုးရာသီမှာ အသားရေထိန်းသိမ်းဖို့ကလည်း အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေထဲပါပါတယ်။ အသားရေအတွက် အရင်ဆုံး အကြံပေးချင်တာက စိုရင်ခြောက်အောင်လုပ်ပေးပါ။ ပြီးတော့ ခြောက်နေရင်စိုစွတ်အောင်လုပ်ပေးပါ။ ယခုလို မိုးရာသီမှာ အရေပြားမှိုစွဲရောဂါက အလွန်အဖြစ်များတာကြောင့် ကျန်းမာတဲ့ အရေပြားဖြစ်နေအောင် ခုပြောမယ့် အချက်လေးတွေ သေချာလိုက်နာပေးရပါမယ်။

    ခရမ်းလွန်ရောင်ခြည်က အရေပြားကို ထိခိုက်နိုင်တာကြောင့် တိမ်ထူ မိုးအုံ့တဲ့နေ့မှာတောင် SPF 30 နဲ့ အထပ်ရှိတဲ့ sunscreen တခုခုကို လိမ်းပါ။ အကောင်းဆုံးကတော့ နှစ်နာရီခြား တစ်ခါလိမ်းပေးရင် ပိုကောင်းပါတယ်။ မိုးရေထဲသွားပြီးရင် ပေကျံလာတဲ့ ရွှံ့ /သဲ စတာတွေကို ချက်ချင်းဆေးပြီး ခြောက်သွေ့အောင် သေချာသုတ်ပါ။ အသားရေစိုစွတ်အောင် ရေဓါတ်ထိန်းထားနိုင်ဖို့အတွက် သင့်တော်တဲ့ moisturizer တမျိုးမျိုးသေချာပြန်လိမ်းပေးပါ။

     ခြောက်သွေ့လို့ ယားယံတာ ဖြစ်ဖြစ် ရွံ့ /သဲစတဲ့ မသန့်တာတွေကြောင့် ယားယံတာဖြစ်ဖြစ် လက်သည်းနဲ့ အားပြင်းပြင်း ကုတ်ဖဲ့တာမျိုး မလုပ်သင့်ပါဘူး။ လက်ချောင်းနဲ့ အသာအယာ ပွတ်သပ်တာမျိုးပဲလုပ်ပါ။ ပွန်းပဲ့ထိခိုက်ဒဏ်ရာရသွားရင်လည်း မိုးရာသီဖြစ်တာကြောင့် အနာပိုးဝင်တာ၊ အနာရင်းတာ၊ ပြည်တည်တာ စတဲ့ နောက်ဆက်တွဲတွေပိုပြီး ဖြစ်လွယ်ပါတယ်။ ဆီးချိုရောဂါရှိပြီး ထုံကျင်မှုဝေဒနာခံစားနေရသူများကလည်း မိမိအရေပြား၊ ခြေဖဝါးနဲ့ လက်ချောင်းလေးတွေကို နေ့စဉ်ဂရုတစိုက် ကြည့်ပေးပါ။  

    ရေဓါတ်ပြည့်ဝတဲ့ အသားရေဖြစ်အောင် ရေတနေ့ကို အနည်းဆုံး ၂လီတာခန့်သောက်ပါ။ မိတ်ကပ်လိမ်းရင်လည်း ချွေးပေါက်မပိတ်ရအောင်  ထူထူလိမ်းတာမျိုးကို ရှောင်သင့်ပါတယ်။ ဒါမှလည်း  ဝက်ခြံထွက်တာကို ကာကွယ်နိုင်ပါလိမ့်မယ်။ ရေစိုခံတဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ်လိမ်းပါ။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကို ခဏခဏကိုင်တာကို ဆင်ခြင်ပါ။ မျက်နှာကို တနေ့နှစ်ကြိမ် သေချာသန့်စင်အောင် သစ်ပေးပါ။အင်တီအောက်ဆီဒင့် နဲ့ ဗိုက်တာမင်စီ များများပါတဲ့ အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ခရမ်းချဉ်သီး ၊ စတော်ဘယ်ရီ၊ သရက်သီး၊ လိမ္မော်သီးစတဲ့ အသီးအနှံတွေလည်း များများစားပေးပါ။ အသားရေအတွက် အငံပြင်း၊ အပူအစပ်ပြင်းပြင်းထန်ထန် စားတာတွေလည်း ရှောင်သင့်ပါတယ်။ ဒါမှလည်း  ကျန်းမာလှပတဲ့ အသားရေလေး ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    ခရမ်းလွန်ရဲ့အလွန်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce