Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • ဒီနွေပူပူမှာ အသားရည်မထိခိုက်စေဖို့
  • ဒီနွေပူပူမှာ အသားရည်မထိခိုက်စေဖို့

    August 28, 2024 by
    Hsu Pyae Sone

    ဒီနွေပူပူမှာ အသားရည်မထိခိုက်စေဖို့ (Tips for protecting your skin and keeping cool during summer)


    နေကပူ ချွေးကထွက်နဲ့ skin care လုပ်ချင်စိတ်တွေ ကုန်နေပြီလား???

    ဒါဆို နွေရာသီမှာ အသားအရေမထိခိုက်အောင် အလွယ်တူ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို အောက်မှာ ဆက်ဖတ်ပေးပါနော်......


    Sunscreen လိမ်းပေးပါ

    အရေပြားအပေါ် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့ sunscreen မရှိမဖြစ် လိုအပ်ပါတယ်။  SPF အနည်းဆုံး 30 ပါဝင်တဲ့ broad-spectrum sunscreen ကို သုံးပေးသင့်ပြီး နေပူထဲမှာ အချိန်အကြာကြီး သွားလာရမယ်ဆိုရင်တော့ နှစ်နာရီတစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။ Sunscreen ဟာ ခရမ်းလွန်ရောင်ခြည်ရန်ကနေ ကာကွယ်ပေးတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။


    အကာအကွယ်တွေ မမေ့ပါနဲ့

    ချည်သားနဲ့ လီနင်တို့လို ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အစတွေနဲ့ ချုပ်ထားတဲ့ ချောင်ချောင်ချောင်ချိချိ အဝတ်အစား‌တွေကို ဝတ်ဆင်ပေးတာက အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့အပြင် ချွေးထွက်များတာနဲ့ မိတ်ထွက်တာတို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နေပူထဲသွားတဲ့အခါ မျက်နှာနဲ့ မျက်လုံးတွေကို ကာဖို့ ဦးထုပ်နဲ့ နေကာမျက်မှန် တပ်ဖို့လည်း မမေ့ပါနဲ့နော်။


    ရေဓာတ်ပြည့်ဝအောင်နေပါ

    ရေဓာတ်ပြည့်ဝနေဖို့နဲ့ အသားအရေ ကျန်းမာဖို့ နွေရာသီမှာ ရေများများသောက်ဖို့က အရေးကြီးပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အရေပြားခြောက်သွေ့ယားယံ‌တာတွေကို ဖြစ်စေနိုင်ပြီး အခြေအနေအရမ်းဆိုးရင် heat stroke တောင် ရစေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အပြင်သွားရမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ 8-10 ခွက်လောက်သောက်ဖို့ သတိထားပေးနော်။


    နေလောင်ဒဏ်တွေအတွက် ရှားစောင်းလက်ပတ်

    ရှားစောင်းလက်ပတ်မှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် နေလောင်တာနဲ့ တခြားအရေပြားယားယံတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်ဂျယ်လ်ကို နေလောင်ဒဏ်ရှိတဲ့နေရာကို လိမ်းပေးတာက ရောင်ရမ်းမှုကို လျော့ပါးစေပြီး အနာကျက်မြန်စေမှာပါ။


    ရေအေးနဲ့ ရေချိုးပါ

    ရေအေးနဲ့ ရေချိုးပေးတာက ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေတာမလို့ ဒီလိုပူပြင်းတဲ့ နွေရာသီမှာ လန်းဆန်းတက်ကြွစေပြီး အပူလွန်ကဲမှုကြောင့်ဖြစ်တဲ့ အရေပြားခြောက်သွေ့ခြင်းနဲ့ ယားယံခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အရမ်းနေပူနေတဲ့ နေ့လည်ပိုင်းအချိန်တွေနဲ့ နေပူထဲက ပြန်လာချိန်တွေမှာတော့ အပူရှပ်တတ်တာမလို့ ရေတန်းမချိုးသင့်ပါ‌ဘူးနော်။


    နေပူချိန်ပြင်းတဲ့အချိန်တွေ အိမ်ပြင်မထွက်ပါနဲ့

    နံနက် ၁၀ နာရီမှ ညနေ ၄ နာရီကြားတွေမှာ နေရောင်ခြည် အပြင်းထန်ဆုံးအချိန် ဖြစ်တာမလို့ ဒီအချိန်တွေမှာ နေပူထဲမထွက်သင့်ပါဘူး။ တကယ်လို့ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း ထီး၊ ဦးထုပ်နဲ့ အင်္ကျီချည်သားအပါး လည်ရှည်လေးတွေ ဝတ်သွားပါနော်။


    အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးပါ

    နွေရာသီရဲ့ အပူရှိန်နဲ့ စိုထိုင်းဆတွေကြောင့် အသားအရေ ခြောက်သွေ့စေပြီး ညစ်ညမ်းစေတတ်ပါတယ်။ ဒါကြောင့် နေ့တိုင်း မျက်နှာသစ်ပြီးတိုင်း ပေါ့ပါးတဲ့ moisturizer လေးတွေ အသုံးပြုပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့လည်း အရေးကြီးပါတယ်။


    အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေက အရမ်းကိုရိုးရှင်းပြီး လူတိုင်းလဲ အလွယ်တကူ လိုက်လုပ်နိုင်တာမလို့ နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေပျက်စီးမှာကို စိတ်မပူရတော့ဘူးပေါ့။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/beauty&aesကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    အန္တရာယ်များတဲ့ UV
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce